Tuesday, August 27, 2013
Windows 8 က Gtalk နဲ့  Chrome ကမြန်မာဖောင့် Error ကိုဖြေရှင်းနည်း
အပေါ်က ပုံလေးကတော့ Window 8 မှာ Gtalk ရဲ့ ဖြစ်နေတဲ့ ပုံစံပါ ... ရိုက်နေတုန်းကတော့ အကောင်းပဲ ... ဒါပေမယ့် နောက် Box ထဲလဲ ရောက်သွားရော ကိုးယို့ကားယားနဲ့ ဖြစ်သွားရော ... တခါ ရိုက်လိုက် .. ဟိုဘက်ကနေပြီးတော့ ပြန်ရိုက်ရင် အဲ့လို ပဲ ပေါ်တော့ ကျတော့ တနေရာမှာ သွားပြီးတော့ ပြန်ကြည့်လိုက်နဲ့ အဆင်မပြေတော့ဘူး ... အဲ့ဒီ့တော့ ဖြေရှင်းနည်းကို ရှာရပါတော့တယ် ...
လွယ်လွယ်လေးပါပဲ ...
သွားရမယ့်နေရာက Internet Option ကိုသွားရမှာပါ ... ဘယ်လို သွားမလဲ ဆိုတော့ တခြားလိုမျိုးလဲ သွားလို့ရပါတယ် .. ဒါပေမယ့် အတိုဆုံး နည်းလမ်းလေး နဲ့ပဲ ပြပေးလိုက်ပါတယ် ...
ပထမဆုံး Window key+r ( run box ) ကို ခေါ်လိုက်ပါ ..
ပြီးရင် အဲ့ဒီ့မှာ inetcpl.cpl ဆိုပြီးတော့ ရိုက်လိုက်ပါ ...
ရိုက်လိုက်ရင် Internet Option ပေါ်လာပါလိမ့်မယ် ...
ပေါ်လာရင် အဲ့ဒီ့မှာ အပေါ်က tab တွေထဲက Advanced Tab ကို ရွေးလိုက်ပါ ...
ရွေးပြီးသွားရင် အောက်နားလေးမှာ Reset ဆိုတဲ့ Button လေးရှိတယ် ..
အဲ့ဒါလေးကို နှိပ်လိုက်ရင် အဆင်ပြေသွားပါပြီ ... ဒါက Gtalk အတွက်ပါ ...
Google Chrome အတွက် ..
တော်တော်များများကတော့ Firefox သုံးနေကြပါတယ် .. ဒါပေမယ့် တချို့ကျတော့ Firefox ထက် Chrome ကို ပိုပြီးတော့ သုံးကြတာလည်းတွေ့ပါတယ် .. စစသုံးချင်းမှာတော့ Chrome က ပိုပြီးတော့ သွက်တယ်လို့ ထင်တယ် .. ဒါပေမယ့် နောက်ပိုင်း သုံးရင်းနဲ့က နည်းနည်းချင်းစီ လေးလေး လာတယ်လို့ ထင်ရတယ် .. Chrome သုံးနေတဲ့သူတွေ လည်း အဆင်ပြေသွားအောင်လို့ တင်ပေးလိုက်ပါတယ် ....
သူကတော့ သွားရတာ နည်းနည်းလေး ရှည်တယ် ဗျ ...
ပထမဆုံး Folder option မှာ View =>Show Hidden folder ကို လုပ်ရမှာပါ ...
Window 8 မှာတော့ My Computer ကို ဖွင့်ပြီးရင် အပေါ်က Tab ကလေးတွေမှာ View ဆိုတာရှိပါတယ် .. အဲ့ဒါကလေးကို နှိပ်ပြီးရင် Hidden Item ဆိုတာလေး မှာ အမှန်ခြစ်ကလေး ထည့်ပေးလိုက်ပါ ... ထည့်ပြီးရင်တော့ အောက်ကလမ်းကြောင်းလေး အတိုင်းသွားလိုက်ပါ ...
C:\Users\username\AppData\Local\Google\Chrome\User Data\Default\User StyleSheets
username ဆိုတာမှာတော့ ကိုယ့်ရကွန်ပျူတာရဲ့ username လေး ရှိမှာပါ ..ရောက်သွားပြီးဆိုရင် အဲ့ဒီ့အထဲမှာ Custom ဆိုတဲ့ css ဖိုင်လေး ရှိပါတယ် .. အဲ့ဒါကလေးကို ဖွင့်လိုက်ပါ ... ဖွင့်ပြီးသွားပြီဆိုရင်တော့ အဲ့ဒီထဲမှာ အောက်က စာလေးကို ကူးပြီးတော့ ထည့်ပေးလိုက်ပါ .. ပြီးရင်တော့ Save လိုက်ပါ ....
* , html, body, div,p {font-family:Zawgyi-One !important;}
အဲ့ဒါကို လုပ်ပြီးသွားရင်တော့ ပြီးသွားပါပြီ .. Google Chrome ကို သွားပြီးတော့ ကြည့်လိုက်ပါဦး ... မြန်မာဖောင့် ၀ိုင်းဝိုင်းလေးတွေ မြင်ရပါလိမ့်မယ် ...
ရေးသားသူကိုအမည်မသိတော့လို့ ပါ Credit To First Writer
Subscribe to:
Post Comments (Atom)

No comments:
Post a Comment