Tuesday, October 15, 2013

မြန်မာပြည်သို့ မကြာမှီရောက်လာတော့မယ့် LG G2

နောက်ဆုံးပေါ် Latest တွေမှကိုင်ချင်သူတွေအတွက် သတင်းထူးလေးတစ်ခုပါ

Display

စမတ်ဖုန်း တစ်လုံးမှာ အရင်ဦးဆုံး ကြည့်ကြတာက မျက်နှာပြင်လို့ ခေါ်တဲ့ Display ပါ။ LG G2 ဖုန်းမှာက မျက်နှာပြင်အကျယ် ၅.၂လက်မ ရှိတဲ့ Full HD (1920x1080) Display တပ်ဆင်ပေးထား ပါတယ်။

Hardware & OS

Android OS ကိုကြည့်ရင် Android 4.2.2(Jelly Bean) သုံးထားပါတယ်။ ဒါ့အပြင် Chipsetအနေနဲ့ ကတော့ LG G2 မှာက နာမည်ကြီး Qualcommမှ နောက်ဆုံးထုတ်လုပ် ထားတဲ့ Snapdragon 800ချစ်ပ် ကိုတပ်ဆင် ထည့်သွင်းထားတာ ဖြစ်ပါတယ်။

CPU, GPU

Quad-Core 2.26GHz အမြန်နှုန်းနဲ့ ဖန်တီးထားတာ ဖြစ်ပြီး ဖုန်းရဲ့ ရုပ်ထွက် ဂရပ်ဖစ်နဲ့ အန်နီမေးရှင်းတွေ အတွက်လည်း GPUကို Adreno 330တပ်ဆင် ထားပါတယ်။

Memory

အချက်အလက်တွေ သိုလှောင်ဖို့ ဖုန်းတွင်းမှတ်ဥာဏ် 16GB/32GB နှစ်မျိုးစီ စီစဉ်ပေးထားပြီး RAMကိုလည်း 2GB စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

Camera

ကင်မရာပိုင်းမှာလည်း 13MPအရည်အသွေး ရှိကြပြီးတော့ ရှေ့ကင်မရာ 2.1MP တပ်ဆင်ပေးထားပါတယ်။ ကင်မရာရဲ့ Featuresတွေ အနေနဲ့လည်း စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်း AutoFocus, LED Flash, Geo-Tagging, Image Stabilization စသည်ဖြင့် ပါဝင်ပြီးသား ဖြစ်ပါတယ်။

Connectivity

ကွန်ရက်ချိတ်ဆက် သုံးစွဲနိုင်မှုနဲ့ ပတ်သက်ပြီး 2G, 3G, 4G ကွန်ရက်တွေ အသီးသီးမှာ GSM/WCDMA ချိတ်ဆက် နိုင်ပါတယ်။ “Micro-SIM” ထည့်သွင်း သုံးစွဲရမှာ ဖြစ်ပါတယ်။

Data Transfer

GPRS, EDGEစတဲ့ စနစ်တွေသာမက Bluetooth 4.0, NFC, Infrared Portနဲ့ USB, microUSB, Wi-Fi 802.11မှာ a/b/g/n/ac စတဲ့ကွန်ရက် စနစ်တွေ အားလုံးနဲ့ ချိတ်ဆက် သုံးစွဲနိုင်ပါတယ်။

Design, Body & Battery Li-Po 3000mAh သုံးစွဲထားပြီး တစ်နေ ကုန် အသုံးခံမယ့် Day Long-Lasting အမျိုးအစား ဖြစ်ပါတယ်။

ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်တွေ ရှိပါသေးတယ်။ LG G2 ဖုန်းမှာက အခြားဖုန်းတွေနဲ့ မတူညီကွဲပြားစွာ နောက်ကျောဘက်မှာ ခလုတ်တွေ တပ်ဆင်ထားပါတယ်။ အသံ အတိုး/အကျယ် ပြုလုပ်တဲ့ ခလုတ်နှင့် ဖုန်းအဖွင့်/အပိတ် ပြုလုပ်သည့် ခလုတ်တို့ကို ကျောဘက်တွင် တပ်ဆင်ထားရှိပြီး ယခုကဲ့သို့ ဖန်တီးပြုလုပ် လိုက်ခြင်းဖြင့် သုံးစွဲသူများ ဖုန်းပြောသည့်အခါတွင် အလွယ်တကူ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းကိုဖွင့်ဖို့ ခလုတ်နှိပ်စရာ မလိုဘဲ Screenကို ၂ချက်နှိပ်လိုက်ရုံဖြင့် ဖုန်းပွင့်လာမည့် “Knock On” ဟုခေါ်သည့် Feature အသစ်တစ်မျိုးလည်း ပါဝင်လာပါတယ်။ ဖုန်းဝင်လာတဲ့အခါ ဖုန်းကိုနားရွက်နားသို့ ကပ်လိုက်ရုံဖြင့် Ringtone သံကိုလျှော့ချပြီး အလိုလျောက် ဖုန်းလက်ခံမည့် Feature စတဲ့ အသုံးဝင် Featureတွေ များစွာ LG G2 စမတ်ဖုန်းမှာ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

အနှစ်ချုပ်

RAM 2GB စမတ်ဖုန်းတွေထဲမှာ technical အစိတ်အပိုင်းအားဖြင့် အတော်လေး မြင့်တဲ့ စတ်ဖုန်းပါ။ Quad-Core 2.26GHz မို့ Processor အမြင့်ဖုန်းပါပဲ၊ လုပ်ဆောင်ချက် မြန်ဆန်မှာတော့ သေချာပါတယ်။ ဘက်ထရီ 3000 mAh ကတော့ အနေတော်ပါပဲ။ ဈေးနှုန်းသာ ၆ သိန်းထပ် ပတ်လည် မှာ ရှိရင်တော့ Sony, Samsung တို့ကို မေ့ထားနိုင်ပေယ့် ၁၅ ရာခိုင်နှုန်းလောက် ဈေးထပ်ပိုနေရင်တော့ Andoid Crazy ကို စိတ်ကြိုက် Choice လုပ်နိုင်ပါတယ်။
(Share From YoeYarLay FB Page)

No comments:

Post a Comment