Saturday, August 23, 2014
What is Social Engineering? And How to Protect Social Engineering?
တကယ်တော့ Social Engineering ဆိုတာတကယ်တော့ လူတစ်ဦးတစ်ယောက်ကိုအယုံသွင်းစေပြီး သူ့ ရဲ့ကိုယ်ရေးရာဇ၀င်အချက်အလက်တွေ နှင့် အရေးကြီးအချက်အလက်တွေကိုရယူတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။
တကယ်တမ်းပြောရမယ်ဆိုရင်ဗျ လူတစ်ယောက်ရဲ့ယုံကြည်မှုပာာတကယ်ကိုကြောက်စရာကောင်းပါတယ်။
ဒီအကွက်ကပဲ Social Engineering ကိုဖြစ်ပေါ်စေတာပါ။
ဆက်ပြောရမယ်ဆိုရင် Social Engineering ကို ကာကွယ်တဲ့ software ရယ်လို့ အတိအကျမရှိကြပါဘူး။
ဒီတော့ပြောရမယ်ဆို Social Engineering ဖြင့်စတင်တော့မယ်ဆို မိမိ Victim ရဲ့ယုံကြည်မှုကိုအရင်ရယူမယ်ပေါ့….
နေအုံးဗျ နည်းလမ်းကိုဆက်မပြောချင်… ဘလိုအားနည်းချက်ရှိလို့  Social Engineering ထိုးခံရသလဲဆိုတာကိုပြောချင်ပါတယ်။
အရှင်းဆုံးပြောရရင်အယုံလွယ်လို့ ပေါ့ဗျာ….
ဒီ့ထက်ထပ်ရှင်းရင် ဘာလို့ သူများပြောတာကိုအယုံလွယ်သလဲ…. ပြောရရင် Lack of Security Training ပေါ့
ဒီနေရာမှာတော့ကျွန်တော့်ကိုယ်တွေ့ လေးရေးချင်တယ်ဗျ……
တော်တော်တော့ကြာပြီဗျ ကျွန်တော်လဲ hacking လေးဘာလေးဆိုပြီးစလေ့လာချိန်ကပေါ့
Keylogger လေးတစ်ခုရှိတယ်ဗျ.. ပြောရမယ်ဆို Gmail Hacker ပေါ့..
အဲ့ကောင်လေးကို FB Group လေးတစ်ခုမှတင်လိုက်တာပေါ့ ဒီ tool ကတကယ်အလုပ်လုပ်တယ်
ဘာညာပေါ့….
အဲထင်ထားသလိုပါပဲ ဒေါင်းပြီးသုံးလိုက်ကြတာများ
အဲ့ကောင်လေးက ဖွင့်လိုက်ရင် မိမိ hack မယ့်အကောင့်အတွက် အရင် login ၀င်ခိုင်းထားတယ်
အဲ့မှာဒေါင်းတဲ့သူတွေက သူ့ တို့ အကောင့်တွေကို Login ၀င်ပါလေရော….
ပြောရမယ်ဆို သူတို့  Login ၀င်လိုက်တဲ့ usrname နဲ့  pass ကကျွန်တော့် Email ထဲဝင်လာတယ်ဗျ… :D
ပဲာအဲ့တော့ဘာဆက်ဖြစ်လဲ ……………………. :D ထားပါတော့လေ
ဒါကလဲ Social Engineering နည်းလေးပဲပေါ့ main ကတော့သူများပြောသမျှအယုံလွယ်လို့ ပါ ရှင်းနေတာပါပဲ
ဒါဆိုမေးစရာရှိပြီဗျ ဘာလို့  Social Engineering ကထိရောက်မှုရှိသလဲ….
ပြောရရင် သတိထားမိဖို့ ခက်တယ်ဗျ…..
ပြီးရင်အပေါ်မှာပြောခဲ့သလို Social Engineering ကိုဖမ်းဖို့  ဘာ Software မှတိတိကျကျမရှိပါဘူး။
Intro ၀င်နေတာများနေပြီးထင်ပါတယ်… ဒီတော့ဘလို S.E ထိုးမလဲစမယ်ဗျ…
အရင်ဆုံးမိမိ Victim ရဲ့အကြောင်းအရာလေးကိုစုံစမ်းသင့်ပါတယ်။
ဒါကလဲဘာမှမခက်ပါဘူး အဝေးကြီးလိုက်တွေးမနေနဲ့  Social Networking ဆိုက်တွေပါပဲ..
ဥပမာ facebook, twitter စသဖြင့်ပေါ့။
အဲ့မှာမိမိပစ်မှတ်ကဲ့အချက်အလက်တွေကို စုံစမ်းနိုင်ပါတယ်။
နောက်မိမိပြစ်မှတ်နဲ့ ခင်မင်ရင်းနှီးအောင်ပေါင်းပေါ့
ကပ်ဖားပေါ့ :D
နောက်မိမိကိုယုံကြည်လာပြီးဆိုတော့မှ Phishing link လေးသော်လကောင်းပေးပေါ့
(Phishing page လုပ်နည်းကိုနောက်မှထပ်ရေးပါ့မယ်)
ဒါကတစ်နည်းပေါ့
မိမိပစ်မှတ်ကဲ့ Close သူငယ်ချင်းသော်လကောင်းအကောင့်ကိုတုပလုပ်ပေါ့
ဒါကလဲမခက်ပါဘူး Social Networking ဆိုက်တွေကနေ Information အချက်အလက်တွေကိုလွယ်ကူစွာရယူနိုင်ပါတယ်။
ဒီမှာဆက်ပြောရမယ်ဆို Social Networking ဆိုက်တွေမှာတုပဖို့ ကမခက်ပါဘူး
User Name ကလဲတူညီလို့ ရသလို့  Profile Picture ကအစအတူတူလိုက်လုပ်လို့ ရပါတယ်။
နောက်လိုအပ်တာတစ်ခုကသူ့  Friend List ထဲကအတိုင်းလိုက်အက်ပေါ့ ဒါလဲဘာမှခက်တာမှမပာုတ်တာ။
ပြီးမှ မိမိပစ်မှတ်ကိုအက်လိုက်ရင် သတိထားမကြည့်တတ်တဲ့သူဆို မတော်တဆ un-friend လုပ်မိလို့ ပြန် add သလို… သို့ မပာုတ် Account အသစ်လုပ်လိုက်လို့ ပေါ့
Accept ဖြစ်ပြီးဆိုမှ အပေါ်မှာပြောခဲ့သလိုပဲပေါ့ Phishing Page
Phishing က Login Fake Page တွေတင်မကပါဘူး Fake Pop Up နဲ့ လဲကစ်လို့ ရပါသေးတယ်
ဥပမာ Fake Anti Virus လေးပေါ့
Your PC has ဘာညာဘာညာပေါ့ ပြီးရင် Click Here to Download Free Anti-Virus စသဖြင့်ပေါ့
နောက်ကျွန်တော်ကြုံ့ ဖူးတာလေးတစ်ခုရှိသေးတယ်ဗျ
ဘယ်ကောင်လဲတော့မသိပါဘူး ကျွန်တော့် Email ထဲကို Facebook Security Team ကပို့ သလိုပေါ့
‘Your account may have been accessed by unauthorized user
Please change your account password by click below link’
လင့်တော့ရေးပြမနေဘူးဗျာ စသဖြင့်ပေါ့
Social Engineering ဆိုတာက မိမိ အရည်အသွေးပေါ်မှာအများကြီးသက်ဆိုင်ပါတယ် အထူးသဖြင့်
လူမှုပေါင်းသင်းဆက်ဆံမှုမှာပေါ့
မိမိက စကားပြောကောင်းလေး Social Engineering ကိုပိုပြီးထိရောက်လေပါပဲ…
Social Engineering နဲ့ သက်ဆိုင်တဲ့ ဇတ်လမ်းလေးတွေရှိတယ်ဗျ
ကျွန်တော်ကိုယ်တိုင်လဲတော်တော်လေးကြိုက်တဲ့ဇတ်လမ်းလေးတစ်ကားပါပဲ…
Leonardo Dicaprio နဲ့  Tom Hanks ပါဝင်သရုပ်ဆောင်ထားတဲ့ ‘Catch Me If You Can’ ဆိုတဲ့ဇတ်ကားလေးပါပဲ…
အဲ့ဇတ်ကားထဲမှာ Leonardo Dicaprio လူလည်ကျသွားတဲ့အပိုင်းလေးတွေးကတော်တော်လေးကိုကြည့်လို့ ကောင်းတယ်ဗျ။
Then How to Protect Social Engineering?
ပြောစရာထွေထွေထူးထူးမရှိပါဘူး……. သတိရှိဖို့ ပဲပေါ့
နောက်ပြောချင်ပါတယ် Online ကကို ၁၀၀% ယုံကြည်တာမျိုးကိုမဖြစ်သင့်ဘူးဗျ
ပြောသမျှလိုက်လုပ်နေတာမျိုးကတော့ အလုပ်မပာုတ်သေးဘူးလေ
ကိုယ့်ဖာသာ စူးစမ်းလေ့လာတာမျိုးရှိသင့်တာပေါ့
အဲမေ့နေလို့ အပေါ်မှာပြောခဲ့တဲ့ ကျွန်တော့် Email ထဲ phishing email ရောက်လာတာမျိုးလေ
Phishing link ပာုတ်မပာုတ်စစ်လို့ ရပါတယ်ပြောရရင်
အဲလင့်လေးကိုမျှားလေးနဲ့  ခဏလောက်တင်ထားလိုက်ပေါ့
Box လေးမှာပေါ်လာတဲ့ကောင်ကရေးထားတာလဲမတူရင့်တော့ပာင်းပာင်း
ဥပမာပြောရရင် ရေးထားတာက www.facebook.c0m/%$!# အဲ့တကယ်တမ်း box မှာပေါ်လာတာမျိုးက
www.108.**.**.***.com/form.aspx အဲ့လိုဆိုရင်ပေါ့
ဆိုလိုချင်တာက သူပေးတဲ့လင့်ကိုနိုပ်လိုက်ရင် အဲ့ www.108. ဆိုတာကြီးကို redirect ဖြစ်သွားမှာပါ
နောက်တစ်ခုက click နိုပ်မယ့်အစား copy N paste လုပ်တာပိုကောင်းတာပေါ့
နိကုန်းချုပ်အနေနဲ့  Phishing Link ရန်ကကာကွယ်ချင်တယ်ဆို အခုပြောတဲ့ Browser Plugin လေးကို google ကရှာပြီးဖြစ်ဖြစ်သွင်းထားလိုက်ပေါ့
‘Netcraft’ ဆိုတဲ့ကောင်လေးပါ
ဒီမှာလေ့လာကြည့်လိုရပါတယ်
(https://addons.mozilla.org/en-us/firefox/addon/netcraft-toolbar/)
Cyko Rat
Subscribe to:
Post Comments (Atom)
No comments:
Post a Comment