Friday, September 12, 2014

Social Engineering အကြောင်း

Social Engineering အကြောင်း
http://thewindowsclub.thewindowsclubco.netdna-cdn.com/wp-content/uploads/2013/11/social_engineering.jpg?c2fdaa

Social Engineering ဆိုတာကလူတစ်ယောက်ရဲ့ ယုံကြည်မှုကိုအသုံးချပြီး Sensitive Data ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုရယူတယ်လို့ ဆိုနိုင်ပါတယ်။
Social Engineering ထိရောက်မှုရှိမရှိဆိုတာက ပြုလုပ်သူ (attacker) ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးပေါ်မှာများစွာသက်ရောက်မှုရှိပါတယ်။
ဒါတင်မကပါဘူး ပြုလုပ်ခံရသူ (victim) ရဲ့ security awareness အားနည်းမှုကြောင့်
လဲဖြစ်ပါတယ်…
နောက်တစ်ချက်က ထိုသူရဲ့မိမိကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုဂရုစိုက်မှုလျှော့ပေါ့ခြင်းကြောင့်လဲပါပါတယ်။

တကယ်တော့လူတစ်ယောက်ရဲ့ယုံကြည်မှုဆိုတာက ကြောက်စရာကောင်းတတ်ပါတယ်။
Security awareness ကိုသတိမပြုမိတဲ့သူတစ်ယောက်ကို S.E ထိုးရတာခက်ခဲမှုသိပ်မရှိပါဘူး
ကျွန်တော်လို့  ဘာမှမပာုတ်တဲ့သူတစ်ယောက်အတွက် S.E ထိုးခံရရင် နစ်နာမှုမရှိပေမယ့်
Company တစ်ခု ဥပမာ Apple လို company ဆိုသူတို့ ရဲ့ Information Leak ဖြစ်ခဲ့တာမျိုးတွေကအရမ်းကိုနစ်နာမှုရှိပါတယ်။
နောက် Social Engineering ကဘာလို့ ထိရောက်မှုရှိသလဲဆိုရင်
၁. သူ့ ကိုလုံးဝ ကာကွယ်ပေးနိုင်တဲ့ Software ဒါမှမပာုတ် Hardware မျိုးမရှိလို့ ပါ။
၂. S.E Attack ကိုသေချာပေါက်ကာကွယ်နိုင်ပါတယ်ဆိုတဲ့ နည်းလမ်းမျိုးလဲမရှိလို့ ပါ။
၃. နောက် S.E ကိုသတိမထားမိတာမျိုးတွေကြောင့်လဲပါပါတယ်။

အဲ့ ၃ခုမြောက်အချက်လေးကို နဲနဲအကျယ်ချဲ့ ချင်တယ်ဗျ။
ဘာလို့ သတိမထားမိတာမျိုးတွေဖြစ်တတ်သလဲပေါ့။
လွယ်လွယ်လေးပဲ စဉ်းစားကြည့်ပါ ခင်များကိုလူတစ်ယောက်က email address ဘာလဲ
Contact လေးရအောင်ဘာညာဆိုပြီးမေးမယ်ပေါ့။
ဒါပာာတကယ်ပဲဆက်သွယ်ချင်လို့ လား … information collect လုပ်နေတာလားဆိုတာမသိနိုင်ပါဘူး
နောက်အဲ့မေးနေချိန်မှာလဲတော်ရုံဘယ်သူမှ မစဉ်းစားမိပါဘူး
ဘော်ဒါအချင်းချင်းဆိုပေးမိကြမှာပါပဲ….

Social Engineering ကို အသုံးချပုံ အကြမ်းဖြင်း ၃ မျိုးလို့ ဆိုနိုင်ပါတယ်။
1. Through Internet or Online
2. Via Telephone
3. နောက် Personal Approaches လို့ ဆိုနိုင်တဲ့ လူချင်းတွေ့ ပြီး မသိမသာမေးတဲ့အထာမျိုးပေါ့

1. Through Online အင်တာနက်မှ အချက်အလက်ရယူခြင်း
Through Online ကို Computer Base Social Engineering လို့ လဲဆိုနိုင်ပါတယ်။
တခြားအဝေးကြီးလိုက်ကြည့်မနေပါနဲ့  Social Engineering ဆိုက်တွေပာာတကယ်တော့ Data Collect လုပ်ဖို့ အတွက်အကောင်းဆုံးလို့ ဆိုလိုနိုင်ပါတယ်
like Facebook, Twitter and so on..

နောက် Phishing Method ဆိုတာကိုကြားဖူးကြမယ်ထင်ပါတယ်။
Phishing ဆိုတာကို word web မှာအောက်ပါအတိုင်းဆိုထားပါတယ်။
“The luring of an internet user to reveal personal details (like passwords and credit card information) on a fake web page or email form pretending to come from a legitimate company (like their bank)”

မှန်ပါတယ် ကွက်တိကြီးကိုမှန်တာပါ
Attacker တစ်ယောက်က Victim အား email မှတဆင့် fake web page တစ်ခုအားပို့ ပြီး
User ရဲ့ကိုယ်ရေးအချက်အလက်တွေကိုရယူခြင်းဖြစ်ပါတယ်။
ဥပမာ ကျွန်တော်က user.a ရဲ့ facebook အကောင့်ကိုယူမယ်ဆိုပါစို့ 
အရင်ဆုံး original facebook.com ရဲ့ interface ကိုတုပပြီး fake page တစ်ခုလုပ်မယ်
ပြီးရင် user.a အားအောက်ပါအတိုင်းရေးသားပြီးပို့ လိုက်မယ်ပေါ့


“We suspect that your facebook account may have been accessed by unauthorized user.
Protecting the security and user privacy, please click below link to change your password.”
ထိုကဲ့သိုဖြင့် အောက်မှာ fake web page အား redirect လုပ်မယ့်ကောင်လေးကိုထည့်ပေးလိုက်ပါ။
ကြည့်ရင်တော့ http://www.facebook.com/ဘာညာ ပေါ့
သို့ သော် click လုပ်လိုက်ပါက တုပထားတဲ့ page ကို redirect သွားတယ်ပေါ့
For Example…
http://www.facebook.com/ဘာညာhttp://www.108.21.ဘာညာ ကိုရောက်ရှိသွားတာမျိုးပေါ့
သတိထားမိစေဖို့ ကတော့
Click လုပ်တာထက်ပေးထားတဲ့ link ကို copy & paste လုပ်တာပိုအကောင်းပါတယ်
နောက် email ကစာကိုသေချာဖတ်ကြည့်ပါ။
ရေးသားပုံမှာ grammar error တို့ ဘာတို့ မျိုးပေါ့
ပြောရရင် site staff က user တစ်ယောက်ကိုပို့ ရင်ဘယ်တော့မှ informal ရေးသားခြင်းမရှိပါဘူး
အမြဲတမ်း formal ပုံစံဖြင့်သာရေးသားကြသလို အရေးအသား error ဆိုတာလဲမရှိဘူးလို့ ဆိုနိုင်ပါတယ်။
Note: Mozilla Add-On တစ်ခုဖြစ်သည့် netcraft toolbar ဖြင့် phishing page အားဖော်ထုတ်နိုင်ပါတယ်
But CEH အဆိုအရ netcraft က data collect လုပ်တယ်လို့ ဆိုထားပါတယ်။
ဒီလောက်ဆို Computer Based Social Engineering ကိုသဘောပေါက်လောက်မယ်ထင်ပါတယ်။

Via Telephone ဆိုတာကိုမသွားခင် Personal Approach ကိုအရင်သွားချင်ပါတယ်

Telephone နှင့် Personal Approach ကို Human Based Social Engineering လို့ လဲဆိုထားပါသေးတယ်။
Human Based Social Engineering
ပာုတ်ပါတယ် ခင်များတယ်ကြည့်နေကျ ဇတ်လမ်းတွေထဲကလိုပါပဲ။
(ဘာကားတွေလဲတော့ တားလဲမတိပုပေါ့ biggrin )
Eavesdropping ခေါ် ခိုးနားထောင်ခြင်း tongue
ပြောရရင် လူတစ်ယောက်ဖုန်းပြောနေတာကို နောက်ကနေဘာလိုလိုညာလိုလိုနဲ့ နားထောင်နေခြင်းမျိုးပေါ့။
ဥပမာ target company staff ကအလုပ်အကြောင်းပြောနေစဉ် နောက်မှအရူးကိုက်ဖမ်းကာနားထောင်နေခြင်းကိုဆိုပါတယ်။
ထိုနည်းဖြင့် သားကောင်ရဲ့ အချက်အလက်တွေကိုရယူနိုင်ပါတယ်။

Shoulder Surfing
staff တစ်ယောက် computer သုံးနေစဉ်နောက်ကနေကြည့်နေတာမျိုးတွေလဲအကျုံးဝင်ပါတယ်။
Like , Staff သည် password ရိုက်နေစဉ်မျိုးတွေပေါ့. ဒါကိုဆိုလိုတာဖြစ်ပါတယ်။

Tailgating
Tailgating ဆိုတာကတော့ ခွင့်ပြုချက်မရှိသော ID အားဝတ်ဆင်ပြီး staff (authorized person) နောက်မှလိုက်ကာ safe zone ခေါ် staff area ထဲအားဝင်ရောက်ခြင်းကိုဆိုလိုပါတယ်။
ဥပမာ။
Staff Area ထဲဝင်ဖို့  ID Card ဖြင့် Security တခါးကိုဖွင့်ပြီးဝင်ရမယ်ပေါ့။
အဲ့မှာမိမိကအထဲကိုဝင်ရောက်ဖို့ အတွက် staff တစ်ယောက်ကိုက်ဖမ်းကာ ရှေ့ က staff ကတခါးဖွင့်ပြီးဝင်စဉ်
မိမိကပါနောက်ကနေကပ်ပြီးဝင်သွားတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။
ဒီအကွက်မျိုးက ဇတ်လမ်းထဲမှာတွေ့ နေကျဖြစ်မှာပါ ဥပမာ James Bond ဇတ်ကားမျိုးမှာပေါ့။

Dumpster Diving
Dumpster Diving ဆိုတာကတော့ trash ထဲကနေ information အားရှာဖွေခြင်းကိုဆိုလိုတာပါ။
နေရင်းထိုင်ရင်း သူတောင်းစားဖြစ်ကော tongue
For Example..
ရေ တို့ ဖုန်းဘေလ် တို့ ကနေပေါ့
အဲ့ကနေ information ကိုရယူုခြင်းကိုဆိုလိုတာဖြစ်ပါတယ်။

Technical Support ဖြင့် Victim Data အား Collect လုပ်ခြင်း
ဒါကတော့ Via Telephone လို့ ဆိုနိုင်ပါတယ် သို့ သော် Human Based Social Engineering ထဲမှာအကျုံးဝင်ပါသေးတယ်။
ဥပမာလေးဖြင့်ရှင်းရရင် web site တစ်ချို့ မှာ Technical Support ဆိုပြီး ဖုန်း number ပေးထားတာမျိုးတွေရှိတတ်ပါတယ်
ထိုဖုန်းအားဆက်ပြီး အချက်အလက်ရယူတာပေါ့
ပြောရရင် phone ခေါ်ပြီး မိမိရဲ့ အရေးကြီး account ဧ။် password မေ့သွားသဖြင့် staff အားသနားအောင်ပြောကာ password reset လုပ်ခိုင်းတာမျိုးပေါ့


Victim ကမိမိအား technical support အကူအညီတောင်းခံကာ data ရယူခြင်းပါ
ဒါကလဲလွယ်ပါတယ် ရှင်းရမယ်ဆို
Victim နဲ့  ခင်များက တစ်ရပ်ကွက်ထဲနေတယ်ဗျ
ရပ်ကွက်ထဲမှာလဲ ကား tyre ဆိုင်ကခင်များတစ်ဆိုင်ထဲ အနီးအနားရှိတယ်ပေါ့
သူ့ ကားကအသစ်ဗျာ ဒီတော့ခင်များက သူ့ ကား tyre တွေညဘက်သွားဖောက်ပလိုက်တယ်ဗျာ
မနက်က ဘယ်ကောင်ကမျင်းမှန်းမသိတော့ ခင်များစီလာပြီး tyre လဲဖို့  အကူအညီတောင်းခံတာမျိုးပေါ့
ဒါကိုဆိုလိုတာပါ…
ဒီမှာတော့ မိမိက technical support ကသူဆိုတော့ မကူညီခင် victim အား မိမိ OS ကဘာလဲနောက်ဘာညာပေါ့အဲ့လိုမေးမြန်းပြီး information ရယူခြင်းကိုဆိုလိုတာပါ။

ဒီမှာပဲရပ်ပရစေဗျာ Social Engineering ကိုသဘောပေါက်သွားရင်ဖြင့်ကျေနပ်ပါတယ်။

Thanks For Reading
Cyko Rat

No comments:

Post a Comment