Friday, October 10, 2014

How to Protect & Detect Trojans

How to Protect & Detect Trojans
http://www.hoax-slayer.com/images/trojan-virus-crossword.jpg
Trojans ဆိုတာကိုကြားဖူးကြမယ်ထင်ပါတယ် ဒီကောင်တွေကိုပေါ့သေးသေးမှတ်လို့ မရပါဘူး
RAT နဲ့ ဆိုလဲတော်တော်လေးတော့ကမျင်းလို့ ကောင်းတယ်ဗျ
Trojans ထဲမှာမှ RAT ဆိုတဲ့ Remot Access Trojans တို့  FTP Trojans, HTTP/HTTPS Trojans,
Botnet Trojans, VNC Trojans, Email Trojans, Banking Trojans, Document Trojans, Command Shell Trojans စသဖြင့်ခွဲလိုက်ရင်အများကြီးပဲပေါ့။
ကျွန်တော်ရေးချင်တာလေးကဒီကောင်တွေကိုဘယ်လိုကာကွယ်မလဲနောက်ဘယ်လိုဖမ်းမလဲပေါ့ :D
မဖြစ်ခင်ကြိုကာကွယ်တာအကောင်းဆုံးပေါ့ဗျာ

:: HOW TO PROTECT FROM TROJANS ::
1. Untrusted Sources တွေကနေ Applications တွေဒေါင်းလုပ်လုံးဝမဆွဲပါနဲ့ 

2. Unknown sender ကနေလာတဲ့ Email Link မျိုးတွေကိုဖွင့်မကြည့်ပါနဲ့ 

3. Anti-Virus, Security Software မျိုးတွေသွင်းထားပြီး အမြဲတမ်း Up-To-Data ဖြစ်နေပါစေ

4. မင်္သကာတဲ့ Port တွေနဲ့  Traffic တွေကိုစစ်သင့်ပါတယ် ဘိုလိုပြောတော့ Moniter Network Traffic ပေါ့ :D

5. Gmail တို့ လို Instant Message  တွေ IRC လို့ ခေါ်တဲ့ Internet Relay Chat တို့ က Program Share တာတွေမဆွဲသင့်ပါဘူး

6. မလိုအပ်တဲ့ Protocols နဲ့  Services တွေကိုပိတ်ထားပါ

7. ဘာမှန်းညာမှန်းမသိတဲ့ Script တွေကိုကောက် run တာမျိုးတွေမလုပ်မိပါစေနဲ့ 
(ဒါက Script Kiddies တွေအခံရဆုံးအချက်ပါ Notepad ဖွင့်တော့လဲ Language မတတ်တော့ဘာမှမထူးပါဘူး :3  )

ဒါတွေပြီးပြီဆို အခု Trojans ရှိနေတဲ့ PC တစ်လုံးကိုဘလိုစစ်မလဲပြောပြပေးချင်ပါတယ်

:: HOW TO DETECT TROJANS ::

1. Scan For Open Ports
netstat ဆိုတဲ့ command အသုံးပြုပါမယ် ဥပမာ cmd.exe ကနေ netstat -an ရိုက်ပြီး
Listening ဖြစ်နေတဲ့ port တွေကိုစစ်ချပါမယ်
နောက် မသကာ စရာဖြစ်နိုင်တဲ့ IP Address တွေနဲ့ ချိတ်ဆက်မှုရှိမရှိပေါ့
CurrPorts & TCPView ဆိုတဲ့ tool ကိုအသုံးပြုပြီးစစ်နိုင်ပါတယ်
ဖြစ်နိုင်ရင် netstat cmd အသုံးပြုတာထက်အပေါ်က tool ကိုအသုံးပြုဖို့ အကြံပေးချင်ပါတယ်

2. Scanning for Suspicious Processes
taskmanager က running processes တွေကိုကြည့်ပြီးတော့ဆုံးဖြတ်ရမယ်ပေါ့
ဘယ် process က မသကာစရာကောင်းသလဲပေါ့
ဒီမှာပြောစရာလေးတော့ရှိတယ်ဗျ Trojans တော်တော်များများကကိုယ်ယောင်ဖျောက်တတ်ကြပါတယ်
Rootkits တွေသုံးတော့ပဲဖြစ်ဖြစ် မူလ pc ရဲ့ .exe လိုကောင်ထဲကို inject လုပ်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့
Beast လိုကောင်မျိုးမှာဆိုအဲ့လို inject လုပ်နိုင်တဲ့ feature ပါဝင်ပါတယ် (အဲ့ကောင်ကတော်တော်ကြာပီဗျ)
ဒီတော့ဘာဖြစ်သလဲဆိုတော့ ဥပမာပေးရရင် Internet Explorer လိုကောင်ထဲမှာဖျောက်နေပြီဆို ခင်များတို့  taskmanager ကကြည့်
ရင် iexplorer run နေတာပဲရှိမှာပေါ့ o.O ဒီမှာတစ်ခုတွေးကြည့်နော် IE လိုကောင်မျိုးက Desktop မှာလဲပေါ်မနေဘူး taskmanager မှာ
တွေ့ နေရတယ် သေချာတာတော့သူက background run နေမှာတော့မပာုတ်ပါဘူး ဒီတော့ ခင်များ IE ထဲကို inject လုပ်ပြီးဖျောက်နေပါပြီ
Tool For Scanning Processes " What's Running "

3. Scanning For Suspicious Registry Entries
Registry Values တွေကိုစစ်ပြီး မသကာတဲ့ကောင်တွေကိုစစ်ချနိုင်ပါတယ်
Active Registry Monitor ကိုအသုံးပြုနိုင်ပါတယ်

4. Scanning For Suspicious Drivers
Untrusted Sources က Drivers တွေကိုအသုံးမပြုသင့်ပါဘူး
Drivers Info တွေကိုစစ်ချပြီး Trojan ပါနိုင်မပါနိုင်စစ်ချနိုင်ပါတယ်
ဒီတော့ Run box ကနေ msinfo32 လို့ ရိုက် System Enviroment ဆိုတဲ့ကောင်အောက်က System Drivers ကိုကြည့်ပါမယ်
DriverView ဆိုတဲ့ tool ကိုလဲအသုံးပြုနိုင်ပါတယ်

5. Scanning For Suspicious Windows Services
Windows Servies တွေကိုစစ်ပြီးတော့ သံသရရှိနိုင်တဲ့ Servies တွေကိုစစ်ချနိုင်ပါတယ်
Trojans တွေက rootkit ကိုအသုံးပြုပြီး HKEY_LOCAL_MACHINE\System\CurrentControlSet\Servies Registry
ကိုကိုင်တွယ်ကာသူတို့  Process တွေကိုဖျောက်ထားနိုင်ပါတယ်
ှWindows Service Manager ကိုအသုံးပြုနိုင်ပါတယ်နောက် Netwrix Service Moniter ကိုလဲအသုံးပြုနိုင်ပါတယ်

6. Scanning For Suspicious Startup Programs
Taskmanager က Startup ကနေအရင်ဆုံးစစ်ချပါမယ်
Service Control Manager ကိုအသုံးပြုပြီး အလိုလျှောက်စနေတဲ့ Windows Services တွေကိုစစ်ရပါမယ်
Startup Programs တွေရဲ့ entries တွေကို Registry ကနေစစ်ရပါမယ်
Auto Run နေတဲ့ Device Drivers တွေကိုစစ်ရပါမယ်
AutoRuns တို့ Security Auto Run တို့ Starter တို့ ဆိုတဲ့ tools တွေကိုလဲအသုံးပြုနိုင်ပါတယ်

7. Scanning For Suspicious Files & Folders
FCIV, SIGVERIF ကဲ့သို့  tools တွေအသုံးပြုနိုင်ပါတယ်

8. Scanning For Suspicious Network Activities
Port Number တွေ Network Comminucation တွေကိုစစ်မယ်
Trojan Activites တွေကို Capsa Network Analyzer နဲ့ စစ်ကြည့်နိုင်ပါတယ်

ဒီလောက်ဆို Trojans တွေကိုဘယ်လို ဖမ်းမယ် ကာကွယ်မယ်ဆိုတာကိုသဘောက်ပေါက်လောက်ပြီထင်ပါတယ်။
Hades.y2k

No comments:

Post a Comment