What is TCP/IP?
TCP/IP အကြောင်းကိုမပြောခင်ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကနေ Intro
စ၀င်ချင်ပါတယ်။ Network တွေကိုစတင်အသုံးပြုတဲ့ကာလတုံးကပေါ့
အခုလိုမျိုးကြိုက်တဲ့ Computer တွေပြီး Network တည်ဆောက်တာမျိုးမရပါဘူးဗျ။
ဥပမာအနေနဲ့ ပြောရရင် Acer Computer က Dell နဲ့ အပြန်အလှန် communicate
မလုပ်နိုင်ကြပါဘူး ဒီလိုဆိုလိုတာပါ။ အဲ့အချိန်ကတော့ Computer
ထုတ်လုပ်ရောင်းချသော Company ၂ ခုသာရှိပါတယ်။ တစ်ခုကတော့ IBM ခေါ်
International Bussiness Machines ဆိုတာဖြစ်ပြီး နောက်တစ်ခုကတော့ DEC ခေါ်
Digital Equipment Corporation ဖြစ်ကြပါတယ်။ ထို Company အသီးသီးတွေသူတို့ 
Computer တွေအပြန်အလှန် ဆက်သွယ်နိုင်သော ကိုယ်ပိုင် Networking model
တွေကို
အသုံးပြုကြပါတယ် SNA ခေါ် System Network Architecture ကို IBM
မှဖန်တီးအသုံးပြုသလို DEC မှလဲ DECnet
ကိုအသုံးပြုပါတယ်။အချင်းချင်းဆက်သွယ်နိုင်ရန်အတွက် DEC မှ SNA model
ကိုနားလည်အသုံးပြုနိုင်တဲ့ Software တစ်ခုကိုရေးသားခဲ့ပါတယ်။ ပြောရရင် SNA
မှ DECnet ၊ DECnet မှSNA ထိုကဲ့သို့ ပြောင်းလဲပေးတာကိုဆိုလိုတာပါ။ သို
့ပေမယ့်ထိုသို့ အသုံးပြုခြင်းပာာလည်း
အကောင်းဆုံးနည်းလမ်းတစ်ခုတော့မပာုတ်ခဲ့ပါဘူး။ ဒါကြောင့်နဲ့  နောက်ပိုင်းမှာ
ကိုယ်ပိုင် networking model အသုံးပြုမှုတွေကိုရပ်နားလိုက်ကြပြီး Open
Public Model ခေါ် TCP/IP Model ကိုလဲလှယ်အသုံးပြုခဲ့ကြပါတယ်။
Transmission Control Protocol ခေါ် TCP
TCP မှာလုပ်ဆောင်ချက်တွေများစွာရှိပါတယ် ထိုထဲက segmentation နှင့် error
recovery အကြောင်းကိုပြောချင်ပါတယ်။ Segmentation ဆိုတာကတော့ Data
တွေကိုမပို့ ခင်မှာ packert များအဖြစ် ပိုင်းခြားလိုက်သည်ကိုဆိုလိုပါတယ်။
ကွန်ပြူတာမှပေးပို့ မည့် Data အား
အပိုင်းသေးသေးလေးတွေအဖြစ်စိတ်ပိုင်းလိုက်တာကို segmentation ခေါ် TCP
ရဲ့လုပ်ဆောင်ချက်တစ်ခုလဲဖြစ်ပါတယ်။ နောက် TCP header ထည့်သွင်းလိုက်သော
data အပိုင်းတစ်ခုအား TCP Segment တစ်ခုလို့ ခေါ်တွင်ပါတယ်Note: Packet
မဖြစ်သေးပါ။ Error Recovery လုပ်ဆောင်ခြင်းအတွက် TCP Header
ထည့်သွင်းလိုက်ခြင်းဖြစ်ပါတယ်။
Error Recovery ကိုဥပမာလေးတစ်ခုနဲ့ ရှင်းချင်ပါတယ်။ ပြောရရင် Data တစ်ခုအား
၃ပိုင်းပိုင်းပြီးပို့ မယ်ဆိုပါဆို့  ဒါဆို First Part , Second Part ,
Third Part ၃ပိုင်းဖြစ်သွားပြီပေါ့။ TCP Header ဆိုတာ Part တစ်ခုရှေ
့ကနေထည့်သွင်းလိုက်တာဖြစ်ပါတယ်
Computer 1 >>>>>>> Computer 2
TCP Header ______ User Data
Seq = 1 _______ First Part
Seq = 2 ________ Second Part
Seq = 3 _________ Third Part
ဒီလိုလေးပေါ့ TCP header သည် <Seq> ခေါ် sequence number တပ်ဖို
့နေရာဖြစ်ပါတယ်။ နောက် acknowledge ခေါ် <ACK> ထည့်သွင်းဖို
့လဲဖြစ်ပါတယ်။ ပြောရရင် Computer 1 ကနေ Computer 2 ကိုပေးပို့ ရာမှာ Second
Part မှာ Error တက်ပြီဆိုပါစို့။ ဒါဆို Computer B မှ Computer A သို့ 
ACK = 2 ဆို့ ပြီး Acknowledge ပေးပို့ ပြီးပြန်လည်တောင်းပါလိမ့်မယ်။ ဒါဆို
Computer A မှ B သို့  Second Part အားပြန်လည်ပေးပို့ မှာဖြစ်ပါတယ် ထို
့သို့ ဖြင့် Error Recovery လုပ်ဆောင်မှာဖြစ်ပါတယ်။ Segment
တစ်ခုရဲ့အရွယ်ပမာနသည် 1480 byte ရှိပြီး TCP header သည် 20 byte
နေရာယူပါတယ်
IP ခေါ် Internet Protocol
TCP သည်အဓိကလုပ်ဆောင်ချက်ကတော့ Segmentation နှင့် Error Recovery
ဖြစ်ပါတယ်။ Data အားလိုအပ်တော့နေရာအားရောက်ရှိစေရန် IP
မှဆက်လက်လုပ်ဆောင်ပါတယ်။ TCP မှရရှိလာသော segment ရှေ့ သွင် IP header
အားထပ်မံထည့်သွင်းပါတယ်အဲ့တွင် source IP နှင့် destination IP address တို
့ပါရှိပါတယ်။ ထိုသို့ ထည်သွင်းပြီးသွားပါက IP Packet တစ်ခုဖြစ်သွားပါပြီ။
IP သည် 20 byte ရှိပါတယ်။ အောက်ပါလိုဖြစ်သွားပြီပေါ့
" IP Header ", "TCP Header", "Data"
IP Address အကြောင်းကိုနဲနဲပြောချင်ပါတယ်။ IP Address တွင် Internet
Protocol မှသတ်မှတ်ထားသောပုံသေတစ်ခုရှိပါတယ်။ IP address သည် 32bit binary
number တွေဖြစ်ပါတယ်။ သို့ ပေမယ့်မှတ်သားရန်ခက်ခဲ့သည့်အတွက် decimal number
များဖြင့်အသုံးပြုပါတယ်။ ဒါမျိုးကိုတော့ dotted decimal လို့ ဆိုပါတယ်။
192 . 168 . 10 . 20 တစ်ခုစီကို octet လို့ ကိုယ်စားပြုပါတယ် ဒီတော့ 192 က
1st octet , 168 က 2nd octect and so on....IP Address သည် 32bit
ဖြစ်ပါတယ်။
No comments:
Post a Comment