wearable
devices တွေခေတ်တစ်ခေတ်ကို ရောက်လာတော့ မှာပါ။ တောင်ကိုရီးယားက Tech
ကုမ္ပဏီကြီး Samsung ကသူ့ရဲ့ Galaxy Gear smart watch ကိုထုတ်လိုက် ပါပြီ။
လူတွေက
သူတို့ရဲ့ အိတ်ကပ်ထဲ၊ ပိုက်ဆံအိတ် ထဲကို နှိုက်စရာ မလိုတဲ့၊ smartphone
ရဲ့လုပ်ဆောင်ချက် တစ်ချို့ကို လုပ်ဆောင် ပေးမယ့် ဒုတိယ တန်းစား စက်ပစ္စည်း
တစ်ခုကို ၀ယ်ယူဖို့ စိတ်အား ထက်သန် ကြမှာပါလို့ လောင်းကြေးထပ် ပြောဆို
လိုက်ပါတယ်။

လူတော်တော်
များများက သူတို့ရဲ့ ဖုန်းတွေကို ဝေးဝေးမှာ ထားဖို့ မဖြစ်နိုင် ကြပါဘူး။
အဲ့တော့ ထမင်းစားတဲ့ စားပွဲ ပေါ်မှာ၊ ခေါင်းအုံး ဘေးမှာ ထားပြီး နေကြပါတယ်။
ဒီလို လူတွေအတွက် Samsung က $299 တန်၊ smartphone ရဲ့လုပ်ဆောင်ချက်
တချို့ကို လုပ်ပေးနိုင်မယ့်၊ သင့်လက် ကောက်ဝတ် ပေါ်မှာ ၀တ်ဆင်လို့ ရမယ့်
အရာတစ်ခုကို ထုတ်ပေး လိုက်ပါပြီ။ ဟုတ်ပါတယ်။ ဒီအရာမှာ ကင်မရာ ပါမယ်၊
weather app ပါမယ်၊ step-counting pedometer နဲ့အသံနဲ့ အမိန့်ပေး
ခိုင်းစေလို့ ရမယ့် S Voice စတာတွေ ပါပါမယ်။ ဒါပေမယ့် ဒီလေးထောင့်
ဒိုင်ခွက် ကျဉ်းကျဉ်းလေး ပေါ်မှာ email ပို့တာ၊ သီချင်းတွေ ဒေါင်းတာနဲ့
လက်ချောင်း ၂ချောင်းထက် ပိုပြီး အသုံးပြု ရမယ့် တာဝန်တွေတော့ လုပ်ဆောင်
ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေပါ ပြုလုပ် ချင်တယ် ဆိုရင်တော့ Samsung ရဲ့
5.8 လက်မရှိတဲ့ phone-tablet hybrid တစ်မျိုးဖြစ်တဲ့ Galaxy Note phablet
ကိုဝယ်ယူ ရမှာပါ။ Gear smartwatch အတွက် “docking station” တစ်ခု အနေနဲ့
လုပ်ဆောင် ပေးမှာပါ။

smartphone
ကိုပို့လိုက်တဲ့ email နဲ့ messages တွေက ဒီလက်ပတ်နာရီ ဆီကိုပါ ရောက်သွား
မှာပါ။ ဒါပေမယ့် စာပြန်မယ် ဆိုရင်တော့ သင့်ရဲ့ Galaxy Note ကိုအိတ်ကပ် ထဲက
ဆွဲထုတ်ဖို့ လိုအပ် လာပါပြီ။ Samsung ကဒီ smartwatch ကို standalone device
အဖြစ်တော့ အသုံးပြုဖို့ မရည်ရွယ် ပါဘူး။ Note နဲ့တွဲဖက် အသုံးပြုဖို့
ပိုဖြစ်နိုင် ပါတယ်။ Note ၁၀လုံး ရောင်းရတိုင်း Gear smartwatch ကိုအကြမ်း
ဖျင်း ၂-၃လုံး ရောင်းရမယ် လို့တော့ စံသတ်မှတ် ထားပါတယ်။ Google Inc.ရဲ့
Android operating system နဲ့ run နေတဲ့ Gear smartwatch တွေကို
သိသာထင်ရှား တောက်ပတဲ့ အရောင်တွေနဲ့ လာမှာပါ။ စာရေးသူ တွေ့လိုက်တာ ကတော့
လိမ္မော်ရောင် တောက်ပတဲ့ sports watch လိုခပ်ကြီးကြီး ပုံစံမျိုးပါ။

လက်ပတ်က
ပလတ်စတစ်နဲ့ ပြုလုပ် ထားတာ ဖြစ်ပြီး လေးထောင့် ပုံစံ 1.63 လက်မ ရှိတဲ့
OLED touchscreen ပေါ်မှာ အပေါ်၊ အောက်ရွေ့ လျားပြီး ကိုယ်လိုချင်တဲ့ feature
ကိုရွေး ရမှာပါ။ 1.9-megapixel camera ကင်မရာ ပါပါဝင် ပြီးတော့ ဓာတ်ပုံ
ရိုက်လိုက်တိုင်း အသံမြည် မှာပါ။ မလိုလား အပ်တဲ့၊ တလွှဲ အသုံးချ တာတွေကို
ရှောင်လွှဲဖို့ အတွက်ပါ။ customers တွေမကြိုက်မယ့် အချက် တစ်ချက်က Gear
smart watch က battery charger သက်သက် လိုအပ်မှာ ဖြစ်ပြီး တစ်ရက်တာ
သုံးစွဲဖို့ ဆိုရင် တစ်ညအိပ် ဘတ်ထရီ သွင်းတာက လုံလောက်ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် Gear ကတခြား Samsung ပစ္စည်းတွေ၊ နောက်ဆုံးထွက် Galaxy S 4
smartphone တွေနဲ့ပါ တွဲဖက် အသုံးပြု နိုင်မှာပါ။ တစ်နေ့နေ့တော့ Gear
smartwatch သူ့ချည်း သက်သက် အသုံးပြုလို့ ရမယ့် standalone device
ဖြစ်လာတဲ့ အထိ လုပ်ဆောင် သွားပေးမယ်လို့ Samsung ကဆိုပါတယ်။ အခုတော့
အသုံးပြု ချင်တဲ့ သူတွေက Samsung ရဲ့ latest phablet နဲ့တွဲပြီး အသုံးပြု
ရမှာပါ။

Share From MymClub
No comments:
Post a Comment