Sunday, September 22, 2013

မလိုအပ်သော Online Account များကိုဖယ်ရှားခြင်း

အင်တာနက်ကိုအမြဲအသဲုးပြုတဲ့သူတွေအနေနဲ့
မိမိအသုံးမပြုလိုသည့် Website တွေကနေ
Subscribe Mail တွေအမြဲဝင်နေတာကိုမဖြစ်

စေချင်တဲ့သူတွေအတွက်ဖော်ပြပေးလိုက်ပါတယ်ဗျာ.
နည်းလေးကတော Just delete ဆိုတဲ့ ၀က်ဘ်ဆိုက်
ကိုအသုံးပြုပြီးဖယ်ရှားရှင်းလင်းနိုင်မှာဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုဒ်မှာ လူအသုံးများတဲ့
ဆိုက်ပေါင်း 176 ခုကိုဖော်ပြပေးထားမှာ
ဖြစ်ပီး သင်အသုံးပြုနေကြဆိုက်တွေထဲက
မလိုတော့သည့်ဆိုက်များကိုအလွယ်တကူ
ဖယ်ရှားရှင်းနိုင်ဖို့ကူညီပေးနိုင်မှာဖြစ်ပါတယ်။
ဒီဆိုက်ကနေပြုလုပ်ပေးနိုင်တာကတော့
သင့်အကောင့်ကိုသက်ဆိုင်ရာ ၀က်ဘ်ဆိုက်
တွေဆီကနေအကောင့်ကိုဖယ်ရှား
ရှင်းလင်းနိုင်အောင်စီစဉ်ပေးနိုင်မှာဖြစ်
ပါတယ်။ ဒီဆိုဒ်ကိုအသုံးပြုချင်ရင်တော့
http://justdelete.me ဆိုတဲ့ဆိုက်
ဖြစ်ပြီး အဲဒီဆိုက်ကနေသွားရောက်ပီး
ပြုလုပ်ရမှာဖြစ်ပါတယ်။အသုံးပြုပုံကတော့
သက်ဆိုင်ရာဝက်ဘ်ဆိုက်ရဲ့ Logo မှာ
နှိပ်လိုက်တာနဲ့ သူနဲ့သက်ဆိုင်တဲ့
ဝက်ဘ်ဆိုက်လိပ်စာကိုရောက်သွားမှာ
ဖြစ်ပါတယ်။အဲဒီကနေမှတဆင့်အကောင့်
ကို Delete ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Justdelete ဆိုက်မှာ သင့်အကောင့်တွေကို
ဖျက်ပြစ်ဖို့အတွက်အရောင်တွေနဲ့
ခွဲခြားဖော်ပြပေးထားမှာဖြစ်ပါတယ်။

1> အစိမ်းရောင်ကတော့ အလွယ်တကူနဲ့
      အကောင့်ကိုဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။
2>အ၀ါရောင်ကတော့ အကောင့်တွေကို
    ဘယ်လိုဖျက်ပစ်နိုင်တယ်ဆိုတာ
    ညွှန်ကြားချက်နဲ့ဖော်ပြပေးထားမှာ
   ဖြစ်ပြီးအဲဒီညွှန်ကြားချက်တွေကို
   ဖတ်ပြီးမှဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။
3>အနီရောင်ကတော့သင့်ရဲ့အကောင့်ကို
    မိမိဖျက်ခြင်တဲ့ ဆိုက် ရဲ့ Customer Service
    ရဲ့လုပ်ဆောင်ချက်မပါပဲမရနိုင်တာကို
   ဖော်ပြပေးထားတာဖြစ်ပါတယ်။
4>အနက်ရောင်နဲ့ဖော်ပြထားတဲ့ဆိုက်
    ကတော့သင့်ရဲ့အကောင့်ကိုအဲဒီ
    ဆိုက်ကနေဘယ်လိုမှပြန်ဖျက်
    လို့မရနိုင်ဘူးလို့ဖော်ပြပေးထားတာ
     ဖြစ်ပါတယ်။

Just Delete ၀က်ဘ်ဆိုက်ကို Chrome
Browser အတွက်လည်း Extension
ထုတ်လုပ်ပေးထားတာကြောင့်
အလွယ်တကူနဲ့အသုံးပြုနိုင်ပါတယ်။
ကဲ..အဲဒါဆိုရင် ကိုမလိုချင်တဲ့ Website
ဆီက Subscribe Mail တွေအတွက်
စိတ်ညစ်နေရတဲ့သူတွေအတွက်
လက်တွေ့အသုံးချလိုက်ကြပါခင်ဗျာ..

Directly Share From mmitsky

Download

No comments:

Post a Comment