
Skin Pack ကြောင့် Error တွေတက်ပြီး ခေါင်းစားခံရတဲ့သူတွေကို Online မှာဆိုသလို အပြင်မှာလဲတွေ့ တွေ့ နေရတယ်ဗျ
Skin Packs တိုင်းကလဲ
ကွန်ပြူတာအကုန်လုံးနဲ့ လိုက်ရောညီထွေမှုမရှိကြပါဘူး
အရင်က ကျွန်တော် Mountain Lion Os X Skin Pack ကို Windows 8 မှာတင်ဖူးတယ်ဗျ
ကျွန်တော်စီမှာတော့ အားလုံးအဆင်ပြေပါတယ် ဒီတော့ကျွန်တော့်သူငယ်ချင်းကလဲ သူ့  Windows 8 အတွက်လိုချင်တယ်ဆိုလို့ ပေးလိုက်ပါတယ် သူလဲတင်ပြီးတော့ Login ၀င်ပါတယ်ပြီးရင်ဘာမှတက်မလာတော့ပါဘူး Black Screen ကြီးပဲပေါ်နေပါတော့တယ် ဒီကောင်လဲခေါင်းတွေကိုက်နေတာပေါ့
ကံကောင်းချင်တော့ Windows+E (My Computer) ကိုခေါ်ကြည့်တော့ခေါ်လို့ ရပါတယ်
ပြီးတော့ ဒီကောင်က Advanced System Care လဲသွင်းထားပါတယ် ဒီတော့ကျွန်တော်လည်းသူ့ စက်ကိုစမ်းကြည့်တော့ နောက်ဆုံး ASC က Uninstaller ကိုသုံးပြီး Skin Pack ကို Uninstall လုပ်ပြီး Reboot ပြန်တက်လာတော့မှ အားလုံးပြန်အဆင်ပြေသွားတယ်
ပြောချင်တာက Skin Packs တွေကိုအသုံးမပြုကြတာကောင်းပါတယ်
မိမိစက် Perfomance လဲကျဆင်းပါတယ် အကယ်လို့  နောက်သိသင့်တာက Skin Pack တစ်ခုသုံးနေရာကနေ နောက်တစ်ခုပြောင်းသုံးမယ်ဆိုရင်လဲ အရင်ကောင်ကို Uninstall လုပ် Restart ချပြီးမှ နောက်တစ်ခုကို Install လုပ်ပေးပါ
ပြီးတော့ Recommend ပေးသည့်အနေနဲ့  မိမိ Computer မှာ Advanced System Care ကိုအသုံးပြုသင့်ပါတယ် (www.iobit.com) မှာလေ့လာကြည့်ပေါ့
လိုချင်နောက်ကျ ကျွန်တော် ဘလော့ မှာတင်ပေးပါ့မယ်
နောက်ပြောချင်တာလေးကတော့ Skin Pack သုံးမည့်အစား Mac Style သုံးချင်ရင်လဲ OS သာဒေါင်းပြီးတင်လိုက်ပါ Mac OS ကကျတော့ Mountain Lion OS X ပါ Google မှာရှာကြည့်ပေါ့
File Size တော့များတယ်ဗျ 4GB လောက်ရှိတယ်
ဒါပါပဲ အကယ်လို့ Skin Pack တင်မယ်ဆိုလဲအရေးကြီး Data တွေကို Back Up ဆွဲထားပါ။
Thanks For Reading
h4De$
No comments:
Post a Comment